မိတ္ထီလာ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးမထိုးရသေးသူများအား နေရာ ၃ ခုတွင် နေ့စဉ်ထိုးနှံ

မိတ္ထီလာ မတ် ၂၂

မိတ္ထီလာမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး မထိုးရသေးသူများအား နေရာ ၃ ခုတွင် ကာကွယ်ဆေး ထိုးနှံရေး ယာယီဆေးခန်းများဖွင့်လှစ်၍ ထိုးနှံပေးလျက်ရှိပြီး နို့တိုက်မိခင်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကိုလည်း  ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မိတ္ထီလာမြို့မှာ အသက် ၁၈ နှစ်ပြည့်ပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လုံးဝမထိုးရသေးသူတွေအတွက် နေရာ၃ ခုမှာ ကာကွယ် ဆေးထိုးနှံရေး ယာယီဆေးခန်းများဖွင့်လှစ်ပြီး ထိုးနှံပေးနေပါတယ်။ မတ်လ ၂၁ ရက်နေ့က စတင်ပြီး မတ်လ ၃၁ ရက်နေ့အထိ မြို့မရပ်ကွက် သာသနာ့ဗိမာန်၊ အရှေ့ပြင်ဈေးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ၊ မြို့ဈေးကြီး ဈေးခေါင်းရုံးတို့မှာ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ထိုးနှံပေးနေတာဖြစ်ပါတယ်။ နို့တိုက်မိခင်များနဲ့ ကိုယ်ဝန်ဆောင်မိခင်များပါ ထိုးနှံပေးနေတာဖြစ်ပြီး အသက် ၁၈ နှစ်ပြည့်ပြီး ကာကွယ်ဆေးထိုးနှံခြင်း မပြုရသေး သူများအနေနဲ့ မည်သူမဆို လာရောက်ထိုးနှံနိုင်ပါတယ်ဟု မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြို့နယ်အတွင်း အသက်၁၈နှစ်ပြည့်ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသူများအား အဆိုပါ နေရာ ၃ခုတွင် ကာကွယ် ဆေးများထိုးနှံပေးလျက်ရှိသကဲ့သို့ ကျေးရွာအုပ်စုများတွင်လည်း  မိုဘိုင်းအဖွဲ့များဖြင့် ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ချမ်းသာ