မြောင်းမြ​ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံရှေးဦး သူနာပြုစုခြင်း သင်တန်းဖွင့်လှစ်

မြောင်းမြ    မတ်   ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အခြေခံ ရှေးဦးသူနာပြုစုခြင်း သင်တန်းကို မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြောင်းမြခရိုင် ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ မတ်လ ၂၀ရက်နေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းတွင် မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ "တစ်စုံတစ်ရာ ထိခိုက်မှုများ ရရှိလာသည့်အခါများ၌ ဆေးရုံ၊ ဆေးခန်းများ၏အကူအညီ မရနိုင်သေးသည့် အခြေအနေတွင် ထိခိုက်မှုများ မဆိုးရွားစေရေးအတွက် ရှေးဦးစွာ ပြုစုတတ်စေရန်" ရည်ရွယ်၍ ယခုလိုသင်တန်းကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို မြောင်းမြခရိုင် ကြက်ခြေနီအသင်း တပ်ဖွဲ့မှူး (နည်းပြ) ဦးဆန်းဝင်းက အပူလောင်ခြင်း၊ ထိခိုက်ပြတ်ရှဒဏ်ရာရခြင်း၊ အဆိပ်ရှိသတ္တဝါကိုက်ခံရခြင်း စသည့် အခြေအနေများတွင် ဆေးရုံဆေးခန်းမရောက်မီ ရှေးဦးစွာ ပြုစုရမည့်အချက်များ၊ ရှောင်ရှားရမည့်အချက်များကို ရှင်း​လင်းသင်ကြားပေးခဲ့​​​ကြောင်း သိရသည်။ အဆိုပါ သင်တန်းသို့ မြောင်းမြမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခင်ရူပါအေး