လဲချားတွင် ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်လှစ်သင်ကြားပေး

လဲချား   မတ်     ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်း အခြေခံ သင်တန်းကို ယမန်နေ့မွန်းလွဲ(၃)နာရီခွဲအချိန်က သီရိဟံသာခန်းမတွင် ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။

အဆိုပါသင်တန်းတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးမျိုးဆွေမှ မိမိတို့ရပ်ကွက်၊ ကျေးရွာများတွင် ပြည်သူများ အနေဖြင့် ရှေးဦးပြုစုခြင်းကို သိရှိနားလည်ပြီး အမှန်တကယ် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ်ခြင်း ဖြစ်ကြောင်းကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး တပ်ဖွဲ့မှူးဦးသန်းဇော်ဦး၊ ဒု-တပ်ဖွဲ့မှူး ဒေါ်ဟေမာဆန်းနှင့် နည်းပြဆရာမ (၂)ဦးတို့မှ ရှေးဦးပြုစုခြင်း၊ ခန္ဓာကိုယ်တည်ဆောက်ပုံနှင့် လုပ်ငန်းစဉ်များ၊ ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ် သွားလာခြင်း၊ လူနာဆန်းစစ်ခြင်း၊ ဒဏ်ရာအမျိုးမျိုးနှင့် ပြုစုနည်းများစသည့်အခြေခံဘာသာရပ် (၂၂)မျိုးကို (၃)ရက်တာ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ပြီး သင်တန်းသား/သူ စုစုပေါင်း (၄၀)ဦးခန့် တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

လွှမ်းသူနောင် (လဲချား)