အိမ်မဲ မတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်တွင် မုန်တိုင်းအန္တရာယ် အသိပညာပေး နံရံကပ်စာစောင် များကို ယမန်နေ့က ပြသထားရှိကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားရမည့် အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီး ချိန်တွင်ပြုလုပ်ရမည့် အချက်များ၊ မုန်တိုင်းသတိပေးချက် ရလျှင် ဆောင်ရွက်ရန် အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန် အချက်များ၊ မုန်တိုင်းဖြစ်ပြီးချိန်တွင် ရှောင်ရှားရမည့်အချက်များ၊ မုန်တိုင်း၏ အရောင်အညွှန်းနှင့် လုပ်ဆောင်ရမည့် အချက်များ၊ ထားရှိရန်အရေးပေါ်သုံးပစ္စည်းများ၊ မုန်တိုင်းအတွက် ကြိုတင် ပြင်ဆင်ရန်များ အစရှိသည့် သိကောင်းစရာများကို မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသထားရှိရာ ပြည်သူများက ကြိုတင်ပြင်ဆင်ကြရန် စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)