ဝါးခယ်မမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်း အကောင်အထည်ဖော်ရေး ကော်မတီအား ဖွဲ့စည်းထားရှိ

ဝါးခယ်မ  မတ်  ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင်  သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်း အကောင်အထည်ဖော်ရေး ကော်မတီအဖွဲ့အစည်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစွမ်းထက်(ဥက္ကဋ္ဌ)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဗိုလ်မှူး မင်းထွဋ်(ဒု-ဥက္ကဋ္ဌ)၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ရဲမှူး ဇော်နိုင်ဦး(အတွင်းရေးမှူး)၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးတိုးနိုင်ဦး (တွဲ-အတွင်းရေးမှူး)နှင့် အဖွဲ့ဝင်(၁၅)ဦးတို့ဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင်  ကွပ်ကဲမှုရုံး ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

သို့ဖြစ်ပါ၍ ဝါးခယ်မြို့နယ် ရပ်ကွက်/ ကျေးရွာ အုပ်စုများအတွင်း နေထိုင်သောပြည်သူများ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ မြစ်ကမ်းအနီး နေထိုင်သူများ၊ ရေလုပ်သားများ၊ မော်တော်များ၊ သစ်ပင်ကြီးများအနီးတွင် နေထိုင်သူများအနေဖြင့် မုန်တိုင်းကျရောက်ချိန် အန္တရာယ်ကင်းရှင်းစေရန် ကျေးရွာအုပ်စုများရှိ အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိကြောင်း သိရှိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)