ဇီးကုန်း မတ် ၂၂
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မုန်တိုင်းသတိပေး ကြေညာချက်အား မြို့နယ်အတွင်း ပြည်သူများသိရှိနိုင်စေရန် အသံချဲ့စက်ဖြင့် ယမန်နေ့နေ့လယ်ပိုင်းက လှည့်လည်အသိပေး နှိုးဆော်ခဲ့သည်။
ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေမှု အခြေအနေကြောင့် မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်နိုင်ရေး အတွက် မုန်းတိုင်း၏ အခြေအနေ၊ ဦးတည်ရွေ့လျားရာ လမ်းကြောင်းနှင့် ရာသီဥတု အခြေအနေများကိုလည်းကောင်း၊ မုန်တိုင်းမဖြစ်ခင် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန် အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်အချိန်တွင် လိုက်နာရန် ဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ရှားရန် အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန် အချက်များ၊ ရှောင်ရှားသင့်သည့် အချက်များအား ပြည်သူလူထုအား အသိပေး နှိုးဆော်ခဲ့သည်။
ထို့အပြင် ကျေးရွာအုပ်စုများတွင်လည်း သက်ဆိုင်ရာ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့များမှ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင့်ဆွေ