ရွှေကူမြို့နယ် ပြန်/ဆက် Community Centre ခန်းမ၌ ကလေးစာဖတ်ဝိုင်းဆောင်ရွက်
Mar 21,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် စက်ကုန်းအခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသူ ကျောင်းသားများနှင့် ပြန်/ဆက်ဦးစီးဌာနတို့ပူပေါင်း၍ ဂုံရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ရေးသားပြုစုသည့် “တာဝန်ကိုယ်စီ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို မတ်လ ၁၇ ရက် ညနေ ၂ နာရီခွဲအချိန်ခန့်က ကျင်းပခဲ့ကြောင်း သိရသည်။