ကလောမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်း နယ်လှည့်ကွင်းဆင်းဆောင်ရွက်
Mar 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်လူရွယ်များ အသိပညာဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့နက် ၁၁ နာရီအချိန်က အောင်ပန်းမြို့၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များစက်မှုလက်မှု ပညာသင်တန်းကျောင်း၌ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။