ကလော မတ် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်လူရွယ်များ အသိပညာဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့နက် ၁၁ နာရီအချိန်က အောင်ပန်းမြို့၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များစက်မှုလက်မှု ပညာသင်တန်းကျောင်း၌ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးအရာရှိ ဒေါ်နန်းအေးခိုင်က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အဆိုပါသင်တန်းကျောင်းရှိ လူငယ်လူရွယ်များအားစာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးကို ဟောပြောဆွေးနွေးခဲ့ပြီးနောက် မှုးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုတာစီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး နံရံကပ်စာစောင်များ ရှင်းလင်းပြသခဲ့ရာ သင်တန်းသားလူငယ်များက စိတ်ပါဝင်စားစွာ ကြည့်ရှု့လေ့လာခဲ့ကြောင်း သိရသည်။
ကျော်ဝင်း