သတင်းများ

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ "ပန်းခင်းစီမံချက်" ဖြင့် ဒေသအဆင့် လျာထားချက် ပြည့်မီကျော်လွန် အောင်မြင်ခြင်း၊ ဂုဏ်ပြုပွဲအခမ်းအနားအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တက်ရောက်
Mar 21,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ် အတွင်းရှိ အသက် (၁၆) နှစ်ပြည့်ပြီးသူတိုင်း နိုင်ငံသား စီစစ်ရေးကတ်ပြား တစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးနှင့် အိမ်ထောင်စုလူဦးရေ စာရင်းပြုလုပ်ပေးနိုင်ရေး ပန်းခင်းစီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ရာ ယခုအခါဒေသအဆင့် လျာထားချက် ပြည့်မီကျော်လွန်အောင်မြင်ခြင်း ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေး ခန်းမ (၁) တွင် ကျင်းပပြုလုပ်ခဲ့သည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်
Mar 21,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန  Community Centre  ခန်းမ၌ မတ်လ ၁၇ ရက် မွန်းလွဲ ၁ နာရီအချိန်ခန့်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
"သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဆွေးနွေးပွဲ"(Talk Show)ကျင်းပ
Mar 21,2022
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက်(၁၀)နာရီတွင် မန္တလေးခရိုင်လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။
(၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ၌ ကျင်းပ
Mar 21,2022
(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တပ်မတော်နေ့ အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် (၁၀)အချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းခုတ်မြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Mar 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌  မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများထံ အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကျောက်ပန္ဒူကျေးရွာတွင် လာရောက်နေထိုင်ကြသော စစ်ဘေးရှောင် မြိုတိုင်းရင်းသားများ အား ရွက်ဖျင်တဲ၊ ဆန် နှင့် ထောက်ပံ့ငွေများပေးအပ်
Mar 21,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကျောက်ပန္ဒူကျေးရွာတွင် လာရောက်နေထိုင်ကြသော စစ်ဘေးရှောင် မြိုတိုင်းရင်းသားများအား ဆန်နှင့် ထောက်ပံ့ငွေများပေးအပ်ကို ယမန်နေ့ ညနေပိုင်းက ပေးအပ်ခဲ့ကြောင်းသိရသည်။
ကျိုက်မရော၌ သဘာဝဘေးကျရောက်ပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မီးသတ် တပ်ဖွဲ့ဝင်များဖြင့် အသင့်စုဖွဲ့ထားရှိ
Mar 21,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် တပ်ဖွဲ့ဝင်များဖြင့် အသင့်စုဖွဲ့ခြင်း လုပ်ငန်းများနှင့် ကြိုတင်ဇတ်တိုက်ခြင်း လုပ်ငန်းများကို ယမန်နေ့ နေ့လယ်ပိုင်းမှစ၍ ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရှိကြောင်း သိရသည်။
ဗန်းမော်မြို့၌ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဂုဏ်ပြုပူဇော်ပွဲကျင်းပ
Mar 21,2022
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ မဟာသိမ်တော်ကြီး ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန မဟာနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တပညိန္ဒာလင်္ကာရနှင့် သီလရှင် စာချဆရာကြီး ဒေါ်ဓနသိဒ္ဓိ၊ သာသနဓဇဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ရ သံဃာ၊ သီလရှင် (၄၈)ပါးတို့အား ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်က သိမ်မဟာမင်္ဂလာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။