သတင်းများ

မော်လမြိုင်ကျွန်းမြို့နယ်တွင် မုန်တိုင်းအန္တရာယ် အသိပညာပေးကြေညာခြင်း လုပ်ငန်းများ ဆောင်ရွက်
Mar 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်း မြို့နယ်တွင် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း၍ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေမှု အခြေအနေကြောင့် မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင် နိုင်ရေးအတွက် အသိပညာပေး ကြေညာခြင်း လုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့တွင်း လမ်းတစ်လျှောက် လူစည်ကားရာနေရာများ၊ ဈေးများ၊ သင်္ဘောဆိပ်၊ ကူတို့ဆိပ်များတွင် ဆောင်ရွက်ခဲ့သည်။
ဒလမြို့နယ်၌ မုန်တိုင်းငယ် (Depression) ကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Mar 20,2022
ဒလမြို့နယ်၌ မုန်တိုင်းငယ်(Depression) ကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒလမြို့နယ် အထွေထွေ အုပ်ချုပ်ရေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
ကော့မှူးမြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ညှိနှိုင်းဆွေးနွေး
Mar 20,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မုန်တိုင်းသတိပေးချက်အပေါ် ပြည်သူများ အချိန်နှင့်တပြေးညီ သိရှိနိုင်စေရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲကို မတ်လ ၁၉ ရက် ည ၇ နာရီက တောင်ပိုင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအ‌ဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကံမမြို့ အမှတ်(၄)ရပ်ကွက် ရွှေပုလ္လင်တောင်တက်လမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်
Mar 20,2022
မကွေးတို်ငးဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှတ်(၄)ရပ်ကွက်ရှိ ရွှေပုလ္လင်တောင်တက်လမ်းအား မြေသားလမ်းအဖြစ်မှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက် လျက်ရှိသည်။
သုံးခွမြို့နယ်တွင် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း physical fitness Dance သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Mar 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပညာရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း physical fitness Dance သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အားကစားခန်းမ၌ ကျင်းပခဲ့ ကြောင်းသိရှိရသည်။
ကလောမြို့နယ်၌ လူငယ်ဘက်စုံဖွံ့ဖြိုးရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 20,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပညာရေးရေး ဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ဘက်စုံဖွံဖြိုးရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ကလောမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
ရန်ကုန်တောင်ပိုင်းခရိုင် သဘာဝဘေးကြိုတင်ကာကွယ်ရေး သန်လျင်၌ ညှိနှိုင်းဆွေးနွေး
Mar 20,2022
ရန်ကုန်တောင်ပိုင်းခရိုင် သဘာဝဘေးစီမံခန့်ခွဲရေးကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၈ နာရီတွင် သန်လျင်မြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမ၌ ကျင်းပသည်။
ဆီဆိုင်မြို့နယ်၌ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် အသက် ၁၈ နှစ်နှင့်အထက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကွင်းဆင်းထိုးနှံပေး
Mar 20,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု ကာကွယ်တားဆီး နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် အသက် ၁၈ နှစ်နှင့်အထက်ပြည်သူများအား ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ က တဘက်ကျေးရွာအုပ်စု၊ နမ့်စေမြဲကျေးရွာသို့ ကွင်းဆင်းထိုးနှံပေးခဲ့သည်။