ကံမမြို့ အမှတ်(၄)ရပ်ကွက် ရွှေပုလ္လင်တောင်တက်လမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်

ကံမ မတ် ၂၀

မကွေးတို်ငးဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ      အမှတ်(၄)ရပ်ကွက်ရှိ ရွှေပုလ္လင်တောင်တက်လမ်းအား မြေသားလမ်းအဖြစ်မှ  ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက် လျက်ရှိသည်။

အဆိုပါ ဆောင်ရွက်နေသည့်    ကွန်ကရစ်လမ်းမှာ   အရှည် ၂၅၀ ပေ ၊  အနံ  ၁၂ ပေ၊  ထု ၈ လက်မအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း အသုံးစရိတ်ရန်ပုံငွေ ကျပ် ၅၃ သိန်းဖြင့်  ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း  ကွန်ကရစ်လမ်း ဆောင်ရွက်ပြီးစီးပါက မော်တော်ယာဉ်များ အလွယ်တကူ ဝင်ထွက်သွားလာနိုင်မည် ဖြစ်ကြောင်း ကံမမြို့နယ် စည်ပင်သာယာရေးအဖွဲ့  အမှုဆောင်အရာရှိ  ဦးမြင့်လှိုင်ထံမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)