ကော့မှူး မတ် ၂၀
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မုန်တိုင်းသတိပေးချက်အပေါ် ပြည်သူများ အချိန်နှင့်တပြေးညီ သိရှိနိုင်စေရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲကို မတ်လ ၁၉ ရက် ည ၇ နာရီက တောင်ပိုင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝက မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် ပူးပေါင်း၍ မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာနေရာသို့ သန့်ရှင်းသော သောက်သုံးရေနှင့် ဆန်၊ ဆီ၊ ဆား၊ ပဲ အခြားစားနပ်ရိက္ခာရရှိရေး ထောက်ပံ့ရေးပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရေးအတွက် Mask များ၊ လက်သန့်ဆေးရည် ပိုးသတ်ဆေးရည်များ ကြိုတင်ပြင်ဆင်ထားရှိနိုင်ရေး ကျန်းမာရေးအတွက် ဆေးဝါးနှင့် ကုသမှုများကိုလည်း မြို့နယ်ပြည်သူ့ဆေးရုံမှ မြို့နယ်ဆရာဝန်ကြီးကြီးကြပ်၍ ဆရာဝန်များ၊ သူနာပြုများ ကြက်ခြေနီတပ်ဖွဲ့ဝင်များ စေတနာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များမှ သဘာဝဘေး ဖြစ်ပေါ်နေရာများသို့ သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်နိုင်ရန် အရေးပေါ်ရွေ့လျားဆေးရုံ ဆေးခန်းများ ဖွင့်လှစ်ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန် ပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်သူရ