ကလော မတ် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပညာရေးရေး ဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ဘက်စုံဖွံဖြိုးရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ကလောမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာကလောမြို့အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ တာဝန်ရှိဆရာမက အဖွင့်အမှာစကား ပြောကြားပြီး ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ရေး ဦးစီးဌာန၊ မြို့နယ် ဦးစီးအရာရှိ ဒေါ်နန်းအေးခိုင်က လူငယ်နှင့်စာရိတ္တ မျိုးဆက်သစ် လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး ခေါင်းစဉ်ဖြင့် အကျယ်တဝင့် ရှင်းလင်း ဟောပြောခဲ့သည်။
ထို့နောက် ကလောမြို့နယ် အားကစားနှင့်လူငယ်ရေးရာ ဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ကျော့ကေခိုင်ထွန်း က လူငယ်လူရွယ်များ ဗလငါတန် ဖွံ့ဖြိုးတိုးတက်ပြီး အားကစားစိတ်ဓာတ် ပိုမိုသက်ဝင်ယုံကြည်ခြင်းသည် တမျိုးသားလုံး၏ ကာယဉာဏ စာရိတ္တ ဖွံ့ဖြိုးတိုးတက်လာစေပြီး အားကစားကို စိတ်ပါဝင်စားသည့် ကြံ့ခိုင်ကျန်းမာကြံ့ခိုင်သော လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် လူငယ်နှင့်အားကစား အကြောင်း အသီးသီးဟောပြောခဲ့သည်။
အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမကြီးနှင့် ကျောင်းသား/ကျောင်းသူ(၁၅၀)ခန့် တက်ရောက် ခဲ့ကြောင်း သိရသည်။
ကျော်ဝင်း(ပြန်/ဆက်)