သုံးခွမြို့နယ်တွင် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း physical fitness Dance သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

သုံးခွ မတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပညာရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း physical fitness Dance သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င် (၁)ဗိုလ်မှူး သန့်ဇော်လင်းက အဖွင့်အမှာစကား ပြောကြားပြီး (မြို့မ) အ.ထ.က မှ ကျောင်းသား/သူလေးများက ကိုယ်ကာယကြံ့ခိုင်မှု physical fitness Dance လေ့ကျင်းခန်းများကို သရုပ်ပြ ကပြဖျော်ဖြေခဲ့ကြသည်။ ယင်းနောက် တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများမှ သင်တန်းနည်းပြများအား ဂုဏ်ပြု လက်ဆောင်ပေးအပ်ခြင်းနှင့် သင်တန်း သား/သူများအား သင်တန်ဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြသည်။

ဒီသင်တန်းကို တိုင်းဒေသကြီးအား/ကာ၏ ညွှန်ကြားချက်အရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် စီမံချက်ရေးဆွဲကာ ကျောင်းသား/သူ လူငယ်လူရွယ်များ ပြည်သူများကျန်းမာရေး အထောက်အကူပြုစေရန်အတွက် ကိုယ်လက်လှုပ်ရှားအားကစား ဆောင်ရွက်လာစေရန်၊ လူထုအသိပညာပေးအစီအစဉ်များ ဆောင်ရွက်နိုင်ရေးအတွက် သုံးခွမြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ ပညာရေးဦးစီးဌာနနှင့် ပြန်/ဆက်ဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနဦးစီးအရာရှိက ပြောကြားသည်။

ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (physical fitness Dance) သင်တန်းကို (မြို့မ)အ.ထ.က ကျောင်းတွင် (၂၂-၂-၂၀၂၂) ရက်နေ့မှ (၂၀-၃-၂၀၂၂)ရက်နေ့အထိ သင်တန်းနည်းပြ(၂) ဦးဖြင့် ကျောင်းသား/သူ (၃၀) ဦးတို့အား သင်တန်းပို့ချခဲ့ခြင်းဖြစ်ပြီး ယနေ့ သင်တန်းဆင်းပွဲ ကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စည်သူလင်း (ပြန်/ဆက်)