သတင်းများ

မိုင်းခတ်မြို့နယ်၌ နွေရာသီအခြေခံအားကစား သင်တန်းများ ဖွင့်လှစ်မည်
Mar 20,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ လူငယ်၊ လူရွယ်များအနေဖြင့် အခြေခံအားကစား နည်းစနစ်များအား သိရှိတက်မြောက်စေရန်နှင့် ထူးချွန်ထက်မြက်ပြီး အရည်အသွေးရှိသော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် နွေရာသီအခြေခံအားကစား သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သရက်မြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 20,2022
မကွေးတိုင်းဒေသကြီးသရက်မြို့၌ အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် အာကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို မတ်(၁၈)ရက် မွန်းလွဲ(၁)နာရီက အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။
သဘာဝဘေးကျရောက်ပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦးဖြင့် ပြင်ဆင်ထား
Mar 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်မှုဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား ဆောင်ရွက်နိုင်ရန်အတွက် တပ်ဖွဲ့ဝင် ၃၅ ဦးဖြင့် ယနေ့နံနက်ပိုင်းစ၍ အသင့်ပြင်ဆင်ထားရှိကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 20,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ ညနေ ၃ နာရီက အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်း ခန်းမတွင် ကျင်းပသည်။
ဆင်ပေါင်ဝဲမြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်
Mar 20,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့ အခြေခံပညာ အထက်တန်းကျောင်း ရတနာမော်ကွန်းခန်းမ၌ ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ကျောင်းသား၊ ကျောင်းသူ လူငယ်များ၏ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ အားကစားစိတ်ဓာတ် မြှင့်တင်ရေးနှင့် ကျန်းမာကြံခိုင်စေရေးအတွက် ရည်ရွယ်ပြီး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဆင်ပေါင်ဝဲမြို့နယ်တွင် လေပြင်းဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်
Mar 20,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် သာယာမိုးရပ်ကွက်တွင် ယမန်နေ့ က ပြည်သူများနှင့်အတူ လေပြင်းကာကွယ်ရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
Mar 20,2022
ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရမ်းဗြဲမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ကွင်းဆင်း ဆောင်ရွက်ပေး
Mar 20,2022
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာအုပ်စုများသို့ နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ဆောင်ရွက် ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ရမ်းဗြဲမြို့နယ် ဦးစီးမှူးမှ ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့က ရမ်းဗြဲမြို့နယ်၊ ရွာကြီး ကျေးရွာအုပ်စုသို့ သွားရောက်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေ စာရင်းများကို အခမဲ့ဆောင်ရွက်ပေး ခဲ့ကြကြောင်း သိရသည်။