မိုင်းခတ် မတ် ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ လူငယ်၊ လူရွယ်များအနေဖြင့် အခြေခံအားကစား နည်းစနစ်များအား သိရှိတက်မြောက်စေရန်နှင့် ထူးချွန်ထက်မြက်ပြီး အရည်အသွေးရှိသော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် နွေရာသီအခြေခံအားကစား သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“နွေရာသီအခြေခံအားကစားသင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် အားကစား စိတ်ပါဝင်စားသည့် ကစားသမားများအနေဖြင့် မိမိနှစ်သက်ရာ အားကစားနည်းအလိုက် အခြေခံနည်းစနစ်များအား စနစ်တကျ တက်မြောက်စေရန်၊ တစ်မျိုးသားလုံး ကာယ၊ ဉာဏ်၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက် လာစေရန်အတွက် ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို စသည့်အားကစားနည်း သင်တန်းများကို သင်တန်းနည်းပြဆရာ (၆)ဦးတို့မှ မတ်လ ၂၅ ရက်နေ့မှ ဧပြီလ ၈ ရက်နေ့အထိ မြို့နယ်အားကစားရုံ၌ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း” မြို့နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာန၊ နည်းစနစ်မှူး ဦးကျော်ဌေးမှ ပြောကြားသည်။
မြို့နယ် (ပြန်/ဆက်)