မောင်တောမြို့၌ ဦးတည်အုပ်စုတွင် ပါဝင်သူများထဲမှ အဋ္ဌမအသုတ် (ပထမ)အကြိမ်အဖြစ် ကိုဗစ် -၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Mar 20,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဦးတည်အုပ်စုတွင် ပါဝင်သည့်သူများအား အဋ္ဌမအသုတ် (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့နံနက်ပိုင်းက သတ်မှတ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံနေသည့် အခြေအနေများအား လှည့်ပတ်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။