သရက်မြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

သရက်  မတ်  ၂၀

မကွေးတိုင်းဒေသကြီးသရက်မြို့၌ အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် အာကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို မတ်(၁၈)ရက် မွန်းလွဲ()နာရီက အမှတ်() အခြေခံပညာ အထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ခရိုင်ပညာရေးမှူး ဦးကျော်ဦး က လူငယ်လူရွယ်များ အလေ့ကျင့်ကောင်း များ ပေါ်ထွန်းရေးခေါင်းစဉ်၊   အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသူရခိုင်ကျော် က ကိုယ်လက်လှုပ်ရှား အားကစားနှင့် အားကစားစိတ်ဓါတ်မြင့်မားရေး ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေ က လူငယ်လူရွယ်များ အတွေးအခေါ်အသိပညာ တိုးတက်မြင့်မားစေရန်နှင့် ဗလငါးတန် ပြည့်စုံစေရန်ရည်ရွယ်၍ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓါတ်ရှင်သန်ရေး ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)