ပခုက္ကူခရိုင် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ပခုက္ကူ မတ် ၂၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်း များစုပေါင်း၍ ခရိုင်ပြည်သူ့ စာကြည့် တိုက်ခန်းမ၌ မတ်လ ၂၉ရက် မွန်းလွဲ ၁နာရီခွဲအချိန်က ပြန်ကြားရေးဝန်ကြီးဌာနက ပုံနှိပ်ထုတ်ဝေထားသည့် "အမှန်နဲ့အမှား၊ ဓမ္မနဲ့ အဓမ္မပြည်သူတွေ ကွဲပြားကြဖို့လိုပါပြီနှင့်အခြား‌ဆောင်းပါးများ"  စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပြန်ကြား‌ရေးဝန်ကြီးဌာနက ၂၀၂၁ခုနှစ်၊ မေလတွင် ပထမ အကြိမ်ပုံနှိပ် ထုတ်ဝေထားသည့် "အမှန်နဲ့အမှား၊ ဓမ္မနဲ့အဓမ္မပြည်သူတွေ ကွဲပြားကြဖို့လိုပါပြီနှင့်အခြားဆောင်းပါးများ" စာအုပ် အကြောင်း ဖတ်ကြားရှင်းလင်းသည်။

ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက စာအုပ်တွင် ပါဝင်သော "ကြောင်းကျိုးဆက်စပ်တွေးစေချင်နှင့်တိုင်းပြည်အကျိုးမျှော်တွေးဆောင်ရွက်ကြစေလို"ဆောင်းပါးများအကြောင်း ဆွေးနွေးသည်။

ထို့နောက် စာအုပ်တွင် ပါဝင်သော ဆောင်းပါးအကြောင်းအရာများနှင့်ပတ်သက်၍ ရုံးဝန်ထမ်းများက တစ်ဦးချင်းအလိုက် အပြန်အလှန် ဆွေးနွေးကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)