ဟိုပန်၌ ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ဟိုပန် မတ် ၂၉

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ် အိုမီခရွန်ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွှဲ ၂ နာရီအချိန်က ဟိုပန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ မိန်းပန်းရှမ်းရပ်ကွက်နှင့် မိန်းပန်း(၀)ရပ်ကွက်သို့ သွားရောက်၍ အသံချဲ့စက်ဖြင့် အသိပေး နှိုးဆော်ခြင်း၊ အသိပညာပေး စာစောင်များ ဖြန့်ဝေခြင်း ဆောင်ရွက်ခဲ့ပါသည်။

ယင်းသို့ အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန်သည် ကူးစက်ပျံ့နှံ့မှုမှာ လျင်မြန်ကြောင်း၊ မိမိဒေသတွင်လည်း ကူးစက်ပျံ့နှံမှု မရှိစေရေးအတွက် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ မိမိတို့နေအိမ်များတွင်သာ နေထိုင်ရန်၊ အရေးကြီး ကိစ္စကြောင့်  ပြင်ပသို့ထွက်ခွာရပါကနှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်၍ သွားလာရန်၊ လူစုလူဝေး ရှောင်ကြဉ်ရန်၊ မလိုအပ်ဘဲ အပြင်သို့သွားလာခြင်းမပြုရန်၊  တစ်ဦးနှင့်တစ်ဦး ခြောက်ပေ အကွာနေထိုင်ရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို အသက်အရွယ် အပိုင်းအခြားအလိုက် ထိုးနှံခြင်း စသည့် အချက်အများကို သိရှိလိုက်နာ သွားကြရန် အသိပေး နှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)