အင်္ဂပူမြို့နယ်တွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး လှည့်လည်အသိပေးကြေညာ

အင်္ဂပူ မတ် ၂၁

ဧရာဝတီတိုင်းဒသကြီး၊ အင်္ဂပူမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ သွားရောက်ပြီး မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးလှည့်လည် ကြေညာခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ လမ်းညွှန်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနတို့ ပူးပေါင်းပြီး မတ်လ ၁၉ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ကြေညာရာတွင် မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားမည် ဖြစ်၍ လိ‌မ္မော်ရောင်အဆင့် သတ်မှတ်ကြောင်း၊ မုန်တိုင်းငယ်သည် ၂၄ နာရီအတွင်း အားကောင်း လာပြီး ၃၆ နာရီတွင် ဆိုင်ကလုန်းအဖြစ်သို့ ပြောင်းလဲလာနိုင်သည်ဟု ခန့်မှန်းရကြောင်း၊ မုန်တိုင်း အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်လာနိုင်သည့် အတွက် ဂရုပြုနေထိုင်ရန် လိုအပ်ကြောင်း၊ ရိပ်သိမ်းပြီး‌သော ကောက်ပဲသီးနှံများ လုံခြုံစွာ ထုတ်ပိုး ထားရန်၊ မြစ်ချောင်းများအနီး နေထိုင်သူများ ကရုပြုနေထိုင်သွားရန်၊ သက်ဆိုင်ရာဌာနမှ ထုတ်ပြန် ထားသည့် မုန်တိုင်းသတိပေးချက်များအား ဂရုပြုလိုက်နာရန်နှင့် ကောလာဟလသတင်းများအား မယုံကြည်ကြရန် အသိပေးကြေညာခဲ့‌ကြောင်းနှင့် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန်ဝေခဲ့ကြောင်း သိရသည်။

မန်းကျော် (အင်္ဂပူ ပြန်/ဆက်)