ချောက်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ချောက် မတ် ၂၀

ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာ​ရေးတို့ ပူး​ပေါင်းကျင်းပသည့် "လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုး​ရေး"အသိပညာ​ပေး​​ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်း (၂)နာရီအချိန်က အမှတ်(၁) အ​ခြေခံပညာအထက်တန်း​ကျောင်း၊ မြရိပ်ညိုခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက ကျောင်းသား/​ ကျောင်းသူ လူငယ်လူရွယ်များအား​ နွေရာသီကျောင်းပိတ်ရက် ကာလပြင်ပ ဗဟုသုတရရှိ​စေမည့် စာပေများ ဖတ်ရှု့​လေ့လာ​ရေး၊ စိတ်ဓာတ်ခွန်အား၊ ပတ်ဝန်းကျင်နှင့် ဆက်ဆံ​ရေး၊ အမှား/ အမှန်​ ဝေဖန်ပိုင်းခြားနိုင်မှု စွမ်းရည်မြင့်မားရေး အကြောင်းအရာများကို “လူငယ်ဖွံဖြိုး​ရေး” ​ခေါင်းစဉ်ဖြင့်လည်း​ကောင်း၊ မြို့နယ်အားကစားနည်းစနစ်မှူး​ဒေါ်ဥမ္မာသင်းက “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် အားကစားသင်တန်းများ ဖွင့်လှစ်ပေးနေမှု အခြေအနေများကိုလည်းကောင်း၊ အ.ထ.က(၁)​ ကျောင်းအုပ်ဆရာကြီး​ ဒေါ်ကျော့မေခိုင်က “စိတ်ဓာတ်၊ စည်းကမ်း၊ အကျင့်စာရိတ္တ” ခေါင်းစဉ်ဖြင့်​ ကျောင်းသား/​ကျောင်းသူများအတွက်​ ဆောင်ရန်၊​ ရှောင်ရန်အချက်များကို လည်း​ကောင်း အသီးသီး​ ဆွေးနွေးခဲ့ကြပြီး မြို့နယ်အားကစားနည်းစနစ်မှူး​ ဒေါ်ဥမ္မာသင်းက ​ကျောင်းအတွက် အားကစားပစ္စည်း​ ဘောလုံးအား​ပေးအပ်လှူဒါန်းခဲ့​သည်။

အဆိုပါ ဟောပြောပွဲသို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း (၁၁၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ကျော်မိုး