မအူပင် မတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် မအူပင်တက္ကသိုလ်တွင် ဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန် နေ့နံနက်ပိုင်းက ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည်။
အသိပညာပေးဟောပြောပွဲတွင် မအူပင်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနီနီဦးက အဖွင့်အမှာစကားပြောကြားပြီး ဥပဒေဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို မအူပင်ခရိုင် ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးအေးလွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဇော်ဝင်း၊ မအူပင်ခရိုင် ဥပဒေအရာရှိဦးထွန်းနိုင်နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်မောင်အေးတို့က မိမိတို့လုပ်ငန်းစဉ်အရ ဆောင်ရွက်နေသည့် ဆောင်ရန်ရှောင်ရန် လုပ်ငန်းများနှင့် ဥပဒေဆိုင်ရာပြစ်ဒဏ်များကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ်(မအူပင်)