ဒေါ့ဖုန်းယန် မတ် ၂၀
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က Book Club အဖွဲ့နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာ မောင်မိုးယံ ရေးသားသည့် လူငယ်နှင့် အနာဂတ်ဘဝမြှင့် တင်ရေး ဆောင်းပါးများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်ခိုင်ခိုင်သွယ်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး (Book Club)အဖွဲ့ဝင် ဒေါ်သီတာဆွေက လူငယ်နှင့်စာပေမြတ်နိုးစိတ် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မဘောက်မိုင်(စာပေဝါသနာရှင်)က လူငယ်နှင့် ဆေးလိပ်အန္တရာယ် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မောင်တင်မင်းဦး(စာပေဝါသနာရှင်)က လူငယ်နှင့်လူမှု ဆက်ဆံရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မမိုင်းဂျာ(စာပေဝါသနာရှင်)က လူငယ်နှင့်တက်လမ်း ခေါင်းစဉ်ဖြင့် မိမိတို့ဖတ်ရှုလေ့လာ နားလည်မှုများအား အသိပညာဗဟုသုတများ မျှဝေနိုင်ရန် အပြန်အလှန် ဆွေးနွေးရှင်းလင်းခြင်း၊ လူငယ်များအား စာဖတ်ခြင်း အကျိုးကျေးဇူးများ ရရှိစေရန်နှင့် စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်အတွက် စာဖတ်ဝိုင်းများ လစဉ်ကျင်းပပေးခြင်း ဖြစ်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
သန်းနိုင်စိုး