မောင်တော မတ် ၂၀
ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရဲတပ်ဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်းခြင်းကို ယမန်နေ့ညနေ (၄) နာရီအချိန်က ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများက သွေးလှူဒါန်းမည့်တပ်ဖွဲ့ဝင်များအား သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးဖောက်စစ်ဆေးခြင်း၊ သွေးအမျိုးအစားခွဲခြင်းတို့ကို ဆောင်ရွက်ပြီး တပ်ဖွဲ့ဝင် (၁၀)ဦးက သွေးများလှူဒါန်းခဲ့ကြရာ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကိုကိုလေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ကိုကို၊ မြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်ကျော်ဦး တို့က သွေးလှူဒါန်းသည့် ရဲတပ်ဖွဲ့ဝင်များအား ကြည့်ရှုအားပေးပြီး သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင်များအား အာဟာရဖြည့်စွက်စာနှင့် ကြက်ဥများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)