တာချီလိတ် မတ် ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ရုံးရှေ့၌ နိုင်ငံသားတိုင်း မှတ်ပုံတင်ကိုင်ဆောင်နိုင်ရေးအတွက် အသိပညာပေး ဆိုင်ဘုတ်အား ယမန်နေ့ နံနက်ပိုင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်လဝက ဒုတိယညွှန်ကြားရေးမှူး ဦးဦးသွင်၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင်လည်းကောင်း၊ တည်းခိုနေထိုင်ရာ နေရာများတွင်လည်းကောင်း၊ နိုင်ငံသားကတ်(မှတ်ပုံတင်) ပြသဆောင်ရွက်ရသည့် လုပ်ငန်းများတွင်လည်းကောင်း တရားဝင် ထုတ်ပေးထားသော နိုင်ငံသားကတ်မှတ်ပုံတင်အား (၁-၄-၂၀၂၂)မှစ၍ ပြသစစ်ဆေးခံရမည်ဖြစ်ကြောင်း မိဘပြည်သူများသို့ အသိပေးကြေညာခြင်းဖြစ်ကြောင်း သိရသည်။
အသက် (၁၆)နှစ်နှင့်အထက် အကျုံးဝင်သူများအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ရုံးတွင် ဆောင်ရွက်ပေးခြင်း၊ ကွင်းဆင်းဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့်နေရာများတွင် တစ်အိမ်တက်ဆင်း ဆောင်ရွက်ပေးခြင်းများအား (၃-၅-၂၀၂၁)မှ (၃-၁၁-၂၀၂၂) နေ့အထိ နိုင်ငံတစ်ဝှမ်းလုံးတွင် နေ့စဉ်ရက်ဆက် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်၍ နိုင်ငံသားကတ် (မှတ်ပုံတင်)အစား ထောက်ခံစာများအားပြသ၍ ခရီးသွားလာခြင်း၊ အစစ်ဆေးခံခြင်းများအား ခွင့်ပြုတော့မည် မဟုတ်ကြောင်းလည်း သိရှိရသည်။
ယာဆေး