ကိုကိုးကျွန်းမြို့နယ်၌ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များ လိုက်လံအသိပေးနှိုးဆော်

ကိုကိုးကျွန်း မတ်  ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် ယမန်နေ့ညနေ (၆) နာရီတွင် မိုးလေ၀သနှင့် ဇလဗေဒညွန်ကြား‌မှု ဦးစီးဌာနထုတ်ပြန်ချက်များတွင် မုန်တိုင်းငယ်သည် ကိုကိုးကျွန်းမြို့အနီးသို့ ဖြတ်သန်းသွားမည်ကို ထုတ်ပြန်ထား‌ကြောင်း၊ မိဘပြည်သူများအနေဖြင့် မုန်တိုင်းမကျမီ ကြိုတင်ပြင်ဆင်ရမည့် အောက်ပါအချက်များကို ကြိုတင်ပြင်ဆင် သွားရမည်ဖြစ်ကြောင်းနှင့် မြို့နယ်မီးသတ်မှ ဥသြဆွဲအချက်ပေးပါက အမှတ် (၁) ရပ်ကွက်နေ ပြည်သူများအနေဖြင့် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံသို့ လည်းကောင်း၊ အမှတ်(၂)ရပ်ကွက်နေ ပြည်သူများအနေဖြင့် မီးသတ်ကုန်၊ နှင့်ရပ်ကွက် (၂) အုပ်ချုပ်ရေးမှူးရုံးဘက်ရှိ ကုန်မြင့်ပေါ်သို့ အမြန်ပြောင်းရွှေ့ရန်နှင့် ရေဘေး၊ လေဘေး မဖြစ်ပွားမီ မိုးလေဝသသတင်းသက်ဆိုင်ရာများ၏ သတိပေးချက်ပြသံတို့ကို နားစွင့် ရမည် ကြည့်ရှုရမည်ဖြစ်ပြီး ကြိုတင်၍ သောက်သုံးရေ၊ စားစရာအခြောက်၊ လက်နှိပ်ဓာတ်မီး ဆေးဝါးများ၊ အရေးကြီးပစွည်း၊ စာရွက်စာတန်း၊ မှတ်စုများ စသည်တို့ကို တစ်ပါးတည်း ပြင်ဆင်ထားရန်နှင့် မိသားစုများ တကွဲတပြား မဖြစ်စေရေးစုစည်း‌ နေထိုင်ရမည်ဖြစ်ပြီး သဘာဝဘေးဖြစ်ပွားပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့တို့မှ တာဝန်ပေးထားသော အချက်ပြသံ နှိုးဆော် သတိပေးသံတို့ကို နားထောင်၍ လိုက်ပါဆောင်ရွက်ရမည်။

မုန်တိုင်းဖြစ်ပွားစဉ်ရေများ ရုတ်တရက် မြင့်တက်လာခြင်း၊ သစ်ကိုင်းကျိုးကျခြင်း၊ မြေပြိုခြင်း၊ အိမ်ပြိုခြင်း၊ ဓာတ်မီးတိုင် လဲကျခြင်း၊ မီးကြိုးများ ပျက်ကျခြင်း စသည့် အန္တရာယ်များရှိနိုင်၍ အထူးဂရုပြုပြီး ဘေးကင်းရာနေရာများသို့ အမြန်ဆုံး ရောက်အောင် သွားရမည်။

ထို့နောက် ဘေးအန္တရာယ် ကင်းရှင်းကြောင်း မိုးလေဝသစခန်းနှင့် အာဏာပိုင်အဖွဲ့တို့မှ တာဝန်ပေးအပ်သူတို့၏ ကြေညာ မှသာ မိမိတို့နေအိမ်သို့ ပြန်ရမည်ဖြစ်ကြောင်းနှင့် အန္တရာယ် ရှိနိုင်ချိန်တွင် သတ်မှတ်ထာသောနေရာများတွင် နေထိုင်၍ အာဏာပိုင် အဖွဲ့တို့မှ တာဝန်ပေးသူတို့၏ နှိုးဆော်သတိပေးသံများကို အမြဲနားထောင်သွာရမည်ဖြစ်ကြောင်း လိုက်လံအသိပေး နှိုးဆော်ခဲ့ ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)