ဘူးသီးတောင် မတ် ၂၀
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့အမှုဆောင် အရာရှိ ဦးခင်မောင်ဇံနှင့် ဌာနဆိုင်ရာအကြီးအကဲများ ပူးပေါင်းကာ မြို့မစည်ပင်သာယာစျေး၌ စျေးရောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးမှုအခြေအနေ များအား ယနေ့နံနက် ၉ နာရီအချိန်က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် စျေးရောင်းသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး Mask ကို မဖြစ်မနေတပ်ဆင်ကြရန်နှင့် Mask တပ်ဆင်ပြီး ဈေးရောင်း/ ဈေးဝယ်ပြုလုပ်ကြရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မပျက်မကွက် အကြိမ်အရေအတွက် ပြည့်ဝစွာထိုးနှံကြရန်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး ကာကွယ်ဆေးထိုးနှံပြီးစီမှု အခြေအနေများအား စစ်ဆေးမေးမြန်ခဲ့ ကြောင်းသိရသည်။
ဘူးသီးတောင်မြို့နယ် မြို့မစည်ပင်သာယာစျေး၌ ဆိုင်ခန်းပေါင်း ၇၄၃ခန်းရှိပြီးစျေးရောင်သူ ၉၀% မှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာ အဖွဲ့အမှုဆောင်အရာရှိ ဦးခင်မောင်ဇံထံမှ သိရသည်။
မြို့နယ်စည်ပင်သာယာရေအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး နှိုးဆော်ခြင်း၊ စျေးရောင်း/ စျေးဝယ်သူများအနေဖြင့် Mask တပ်ဆင်စေပြီး စျေးရောင်း/ စျေးဝယ်ပြုလုပ် ကြရန်တို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
လှကျော် ( ပြန်/ဆက်)