ရွှေကျင်မြို့နယ် မြို့မရဲစခန်းတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်

ရွှေကျင် မတ် ၂၀

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ မြို့မရဲစခန်းအတွင်း မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးတို့အတွက် မြို့နယ်မီးသတ် ဦးစီးဌာနနှင့် မြို့နယ်လျှပ်စစ်တို့ ပူးပေါင်း၍ ယမန်နေ့ ညနေပိုင်းက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဟောပြောပွဲတွင် မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ဝင်းထွန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်မီးသတ် ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးဇော်ညီညီလွင်က ဟောပြောပွဲသို့ တက်ရောက် လာသူများအား မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေးအတွက် ရှောင်ရန်အချက်များ၊ ဆောင်ရန် အချက်များကို အကျယ်တဝင့် ရှင်လင်း ဟောပြောပေးသည်။

ဆက်လက်ပြီး မြို့နယ်မီးသတ် ဦးစီးဌာနနှင့် မြိုနယ်လျှပ်စစ်တို့ ပူးပေါင်း၍ ဝန်ထမ်းလိုင်းခန်းများရှိ လျှပ်စစ်မီးကြိုးများအား မီးအန္တရာယ် ရှိ/မရှိ လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)