သတင်းများ

သီပေါမြို့နယ် နောင်ကတ်ကျေးရွာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်
Mar 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ရွှေတောင်ကျေးရွာ စာကြည့်တိုက် ကော်မတီဝင်များနှင့် ကျောက်မဲ ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတို့ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက နောင်ကတ်ကျေးရွာ ရွှေတောင်ပညာအလင်း စာကြည့်တိုက်တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆိုလာအသေးစားဓာတ်အားလိုင်းစနစ်(Solar Mini-grid ) မီးလင်းရေးဖွင့်ပွဲနှင့်ကျေးလက် ကုန်ထုတ်လမ်းဖွင့်ပွဲကျင်းပ
Mar 25,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း(NEP)အား နိုင်ငံတော်၊ ကုမ္ပဏီ၊ ပြည်သူတို့ဖြင့် ပူးပေါင်းဆောင်ရွက်သည့် ဆိုလာအသေးစားဓာတ်အား လိုင်းစနစ် (Solar Mini-grid ) မီးလင်း ရေးဖွင့်ပွဲနှင့် ကျေးလက်ကုန်ထုတ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်း မြို့နယ်၊ စူငယ်ဘာလိုင်းကျေးရွာအုပ်စု၊အောင်ဘာကျေးရွာ တွင်ကျင်းပသည်။
ပေါက်ခေါင်းမြို့နယ်၌ သောက်သုံးရေလုံလောက်စွာ ရရှိစေရေးအတွက် ဆောင်ရွက်သော မြေသားရေလှောင်ကန်‌ပြီးစီး၍ ရေများသိုလှောင်အသုံးပြုနိုင်တော့မည်
Mar 25,2022
ကျေးလက်နေပြည်သူများ သောက်သုံးရေပြတ်လပ်မှုမဖြစ်ပေါ်စေရေးနှင့် သောက်သုံးရေဖူလုံစွာရရှိရေးအတွက် ပေါက်ခေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သောက်သုံးရေရရှိရေးလုပ်ငန်းများကို သက်ဆိုင်ရာခွင့်ပြုရန်ပုံငွေများအလိုက် အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နွေရာသီ အခြေခံအားကစားသင်တန်းများ မြန်အောင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီဌာနမှ အခမဲ့သင်ကြားပေးလျက်ရှိ
Mar 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီဌာနက နွေရာသီ အခြေခံအားကစားသင်တန်း ကစားနည်း (၆)မျိုးအား (၂၅-၃-၂၀၂၂) ရက်နေ့ ယနေ့မှစ၍ ( ၈-၄-၂၀၂၂)ရက်နေ့အထိ အခမဲ့သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သီပေါမြို့နယ် ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် ပဲဆီနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ လှူဒါန်း
Mar 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ ဆွမ်းကိစ္စရပ်များအခက်အခဲမရှိစေရန် ရည်ရွယ်၍ဆွမ်းဆန်တော်၊ ပဲဆီနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးပစ္စည်းများ လှူဒါန်းခြင်းကို ယမန်နေ့နံနက်၁၀နာရီအချိန်က ပန်စောက်မိန်းကျေးရွာ မြရွှေဂူဘုန်းတော်ကြီးကျောင်းသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။         
မဟာ​အောင်မြေမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကလေးအလုပ် သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်
Mar 25,2022
မန္တလေးတိုင်းဒေကြီး၊ မန္တ​လေးခရိုင်၊ မဟာ​​အောင်မြေမြို့နယ်​ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနတွင် ကလေးအလုပ် သမားပပျောက်ရေးအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကို ယနေ့ နံနက်(၁ဝ) နာရီက အဆိုပါရုံးရှိ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဟိုပင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း‌ဆွေးနွေးပွဲပြုလုပ်
Mar 25,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၁)နာရီက ဆောင်ရွက်ခဲ့သည်။
တောင်ကြီးမြို့တွင် ပြည်သူများအား OSS စနစ်ဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Mar 25,2022
ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းပပျောက်စေရန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Covidshield ကို ယနေ့နံနက် ၉ နာရီမှ စတင်၍ မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများသို့သွားရောက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။