ဟိုပင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း‌ဆွေးနွေးပွဲပြုလုပ်

ဟိုပင် မတ် ၂၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၁)နာရီက ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်လင်းသွယ်သွယ်ဦးက စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြင့် ပြည်သူများ အသိပညာဗဟုသုတများ တိုးပွါးစေရန်၊ စာပေဖြင့်‌မွေ့လျော်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများနှင့် အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ရရှိ‌စေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ပြုလုပ်ရခြင်းဖြစ်‌ကြာင်းပြောကြားပြီး စာပေချစ်သူများအသင်းဝင် ဒေါ်ယဉ်ကြည်နှင့် မယမင်းဦးတို့က ဒေါက်တာမတင်ဝင်း‌ရေးသားထားသည့် အလုပ်ဆိုတာအင်အားပါစာအုပ်ဖြင့် ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လင်းသွယ်ဦး(ပြန်/ဆက်)