သတင်းများ

သဲကုန်းမြို့နယ်၌ (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် အကြိုသတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Mar 25,2022
၂၀၂၂ ခုနှစ်၊မတ်လ ၂၇ ရက်နေ့၌ ကျရောက်မည့်(၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အကြိုသတင်းစကား လက်ကမ်းစာစောင်များကို ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့တွင် ပြည်သူ့စာကြည့်တိုက်စာဖတ်စာငှားသူများနှင့် ဌာနဆိုင်ရာများ၊ တပ်ဖွဲ့ဝင်များ၊ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝေါမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနေစဉ်ကာလအတွင်း မီးလောင်မှု မီးလန့်မှု မဖြစ်ပွားစေရေး ကွင်းဆင်းစစ်ဆေး
Mar 25,2022
၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၃၁)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ ကျင်းပပြုလုပ် မည်ဖြစ်ရာ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနေစဉ်အတွင်း မီးလောင်မှု မီးလန့်မှုမဖြစ်ပွားရေးအတွက် ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ စာစစ်ဌာနများအား ယနေ့၊ နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးကြောင်းသိရသည်။
(၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 25,2022
၂၀၂၂ ခုနှစ် မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းခရိုင်၊ မြင်းမူ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက ဖြန့်ဝေပေးခဲ့သည်။
နတ်မောက်မြို့နယ်တွင် နေကြာတိုးချဲ့စိုက်ပျိုးနိုင်ရေး နေကြာမျိုးစေ့များ ကြိုတင်စုဆောင်း
Mar 25,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ စိုက်ပျိုးရေး တောင်သူများ နေကြာတိုးချဲ့ စိုက်ပျိုးနိုင်ရေး နေကြာမျိုးစေ့များ ကြိုတင်စုဆောင်းလျက်ရှိသည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း(၇၇)နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆို ဂုဏ်ပြုသောအားဖြင့် ဝန်ထမ်းအိမ်ရာသစ်၊ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားများ တက်ရောက်ဖွင့်လှစ်
Mar 25,2022
(၇၇) နှစ်မြောက်တပ်မတော်နေ့ ကို   ကြိုဆိုဂုဏ်ပြုသောအားဖြင့်တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သော ပုသိမ်ခရိုင်စီမံကိန်း ရုံးဝန်ထမ်းအိမ်ရာသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့မနက် ပိုင်းအချိန်တွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်အောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။ 
ပဲခူးမြို့နယ်တွင် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Mar 25,2022
အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ် စိတ်ဓာတ်များ ရှင်သန်ထက်မြက်စေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ပြန်ကြားရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်‌ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၇) နာရီက ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
မိုင်းယောင်းမြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ် စာစောင်ပြပွဲ ကျင်းပ
Mar 25,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန(Community Centre)၌ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပကြောင်း သိရသည်။
ဆီဆိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအားကွင်းဆင်းစစ်ဆေးခြင်းနှင့် Mobile System ဖြင့် ကာကွယ်ဆေးထိုးနှံပေး
Mar 25,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်း များတွင် ပြည်သူလူထုများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့က ကာကွယ်ဆေးထိုးနှံ ပြီး/မပြီး၊ ဆေးထိုးပြီးကြောင်းသက်သေခံလက်မှတ် ရှိ/မရှိ စစ်ဆေးခြင်းကို မတ် ၂၄ ရက် နံနက် ၈ နာရီက ဆီဆိုင် မြို့ဝင်၊ မြို့ထွက် ဂိတ်များတွင် အဖွဲ့နှစ်ဖွဲ့ခွဲ၍ ဆောင်ရွက်ခဲ့သည်။