ဒဂုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံ
Mar 25,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာစေတီတော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်တော်တန်ဆောင်းတွင်ယနေ့နံနက် (၁၀း၀၀)နာရီမှ (၁၂:၃၀)နာရီထိကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (COVISHIELD) အား ပထမအကြိမ်ထိုးနှံပေးခြင်း ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆေးထိုးနှံရာတွင် ဒဂုံမြို့နယ်အတွင်းရှိဦးဝိစာရရပ်ကွက်နှင့် ဘုရားကြီးရပ်ကွက်တို့မှ အသက် (၁၈)နှစ် နှင့်အထက် ရပ်ကွက်နေပြည်သူ ကျား (၂၀)ဦး၊ မ(၃၅)ဦး လူဦးရေ စုစုပေါင်း (၅၅)ဦး တို့အားထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး ၁ လုံးလျှင် ၁၁ ဦးနှုန်းဖြင့် (၅၅) ဦးအတွက် ဆေးအလုံးရေ (၅ )လုံးအား ထိုးနှံပေးခဲ့သည်။