မဟာ​အောင်မြေမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကလေးအလုပ် သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

မဟာအောင်မြေ မတ် ၂၅

မန္တလေးတိုင်းဒေကြီး၊ မန္တ​လေးခရိုင်၊ မဟာ​​အောင်မြေမြို့နယ်​ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနတွင်  ကလေးအလုပ် သမားပပျောက်ရေးအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကို ယနေ့ နံနက်(၁ဝ) နာရီက အဆိုပါရုံးရှိ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး ဟောပြောပွဲတွင် ရပ်ကွက်ပြည်သူများ၊ စာပေ ဝါသနာရှင်များတက်ရောက်ခဲ့ကြ ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးဘိုဘိုဟန်က မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃)ရပ်ဖြစ်သည့် မြန်မာနိုင်ငံတွင် ကလေးများအား ကလေးအလုပ်သမားအဖြစ် ခိုင်းစေမှု၊ အထူးသဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုများအား လျော့နည်းပပျောက်စေရန်နှင့် ထိရောက်စွာ တားဆီးကာကွယ်ရန်၊ ဥပဒေအရ တရားဝင်အလုပ် လုပ်ကိုင်ခွင့်ရှိသည့်ကလေး အလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အကာအကွယ်ပေး ရန်၊ အန္တရာယ်ရှိသောအလုပ် နှင့်လုပ်ငန်းခွင်များတွင်လုပ်ကိုင်နေရ သည့် ကလေးအလုပ်သမားများအား ဖယ်ရှားပြီး၊ သင့်လျော် ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် အသက်မွေးပညာ ကျောင်းများ တက်ရောက်နိုင်ရေး စီမံဆောင်ရွက်ပေးရန် စသည် အချက်များကို လည်းကောင်း၊ ကလေးအလုပ်သမား၏အဓိပ္ပါယ် ဖွင့်ဆိုချက်များကို ရှင်းလင်းဟောပြောသည်။ ထို့နောက် တက်ရောက်လာသူများက Community Centre ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး အသိ ပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာ ခဲ့ကြကြောင်းသိရသည်။

အောင်ဇော်မင်း