သတင်းများ

မိုင်းလုံမြို့တွင် လူမှုဘဝဖွင့်ဖြိုး‌‌စေရန် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Mar 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က  လွယ်စုကျေးရွာအတွင်းရှိ ပြည်သူများကို သွားရောက် ဆောင်ရွက်ပေးခဲ့‌ကြောင်း သိသည်။
လှိုင်းဘွဲမြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ
Mar 25,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ)စစ်ဗျူဟာမှူး ဦးဆောင်၍ စစ်ဗျူဟာ အခြေချ(လှိုင်းဘွဲ)ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့ဝင်များမှ အရာရှိဇနီးသည် များအား (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က အမှတ်(၂၈) ခြေလျင်တပ်ရင်း ဒေါနခန်းမ၌ ကျင်းပခဲ့သည်။
နမ့်စန်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် အမျိုးသမီးများအကြမ်းဖက်ခံရမှုပပျောက်ရေး အသိပညာပေး Talk Show ဆောင်ရွက်
Mar 25,2022
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေ ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း  အသိပညာပေးခြင်း အစီအစဉ် များ၊ ဖျော်ဖြေရေးအစီအစဉ်များနှင့် ကျန်းမာရေးလှုပ်ရှားမှုအစီအစဉ်များကို Onlineမှတဆင့် ပြည်သူများထံ အသိပညာပေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ ၄နာရီက အမျိုးသမီးများ အကြမ်းဖက်ခံရမှုပပျောက်ရေး အသိပညာပေး Talk Show အစီအစဉ်ကို မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ရိုက်ကူး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ်ရပ်ကွက်/ကျေးရွာအတွင်းရှိ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး မိုဘိုင်းစနစ်ဖြင့် ကွင်းဆင်းထိုးနှံပေး
Mar 25,2022
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ရပ်ကွက်/ ကျေးရွာအတွင်းရှိ ကာကွယ်‌ဆေးထိုးရန် ကျန်ရှိနေသူပြည်သူများအား ကိုဗစ်-၁၉ကာကွယ်ဆေး မိုဘိုင်းစနစ်ဖြင့် စဉ်ဆက်မပြတ် ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ယနေ့မွန်းလွဲ ၂နာရီခွဲအချိန်က အမှတ်( ၇)ရက်ကွက် လိုတချမ်းသားဓမ္မာ ရုံတော်ကြီးတွင် အသက်(၁၈)နှစ်အထက် ကာကွယ်ဆေးထိုး ရန်ကျန်ရှိနေသူပြည်သူများအား (Covishield) ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းနှင့် ကိုယ်၀န်ဆောင် နို့တိုက်မိခင်များအား(Sinopharm) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့၌ ၇၇ နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် ၇၇ နှစ်မြောက် တပ်မတော်နေ့အထိမ်း အမှတ်အဖြစ် ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်များအား ယနေ့ နံနက် ၁၀ နာရီက ကားဂိတ်များ၊ ဆိုက္ကားဂိတ်များနှင့် လူစည်ကားရာနေရာများသို့ သွားရောက်ဖြန့်ဝေပေးခဲ့သည်။
ဟိုင်းကြီးကျွန်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၇)နှစ်မြောက် တပ်မတော်နေ (အကြို) စာအုပ်စာစောင်ပြပွဲကျင်းပ
Mar 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်  အခြေခံပညာအလယ်တန်းကျောင်းခွဲ (ဟိုင်းကြီးရွာသစ်)ကျောင်းတို့ ပူးပေါင်း၍ လူထု အခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် (အကြို) စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက်(၉)နာရီအချိန် ကပြုလုပ်ခဲ့သည်။
ဓနုဖြူမြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ
Mar 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အခမဲ့ထုတ်ဝေသည့် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်အား ယနေ့နံနက်(၁၁)နာရီ အချိန်က ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ စာအုပ်များ လာရောက် ငှားရမ်းသည့် စာငှားသူ၊ စာဖတ်သူများနှင့်၊ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်နေ ပြည်သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
ကျိန္တလီမြို့၌ (၇၇)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Mar 25,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မတ် ၂၅ရက်နေ့ နံနက်ပိုင်း ၈ နာရီအချိန်က ကျိန္တလီမြို့ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူစည်ကားရာနေရာများနှင့် ရပ်ကွက်အတွင်းရှိ ပြည်သူများ၏ နေအိမ်များသို့သွားရောက်၍ အခမဲ့ဖြန်ဝေပေးခဲ့ကြောင်းသိရသည်။