ဟိုင်းကြီးကျွန်း မတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာအလယ်တန်းကျောင်းခွဲ (ဟိုင်းကြီးရွာသစ်)ကျောင်းတို့ ပူးပေါင်း၍ လူထု အခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် (အကြို) စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက်(၉)နာရီအချိန် ကပြုလုပ်ခဲ့သည်။
ကျောင်းသား၊ ကျောင်းသူများ၊ လူငယ် လူရွယ်များ ကျန်းမာပျော်ရွှင်ပြီး အစုအဖွဲ့များနှင့်ပူးပေါင်း ပါဝင်ဆောင်ရွက်တတ်စေရန်၊ အသိဉာဏ်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သည့်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲတွင် သုတ၊ ရသ စာအုပ်(၅၅)အုပ်ပြ သခဲ့ကြောင်း သိရသည်။
နွေးနွေးအောင်ကြွယ်