နမ့်စန်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် အမျိုးသမီးများအကြမ်းဖက်ခံရမှုပပျောက်ရေး အသိပညာပေး Talk Show ဆောင်ရွက်

နမ့်စန်() မတ် ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေ ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း  အသိပညာပေးခြင်း အစီအစဉ်များ၊ ဖျော်ဖြေရေးအစီအစဉ်များနှင့် ကျန်းမာရေးလှုပ်ရှားမှုအစီအစဉ်များကို Onlineမှတဆင့် ပြည်သူများထံ အသိပညာပေးဆောင်ရွက်လျက်ရှိရာ မန်နေ့ညနေ ၄နာရီက အမျိုးသမီးများ အကြမ်းဖက်ခံရမှုပပျောက်ရေး အသိပညာပေး Talk Show အစီအစဉ်ကို မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ရိုက်ကူးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအစီအစဉ်တွင် လွိုင်လင်မြို့အခြေစိုက် လွိုင်ခမ်းအမျိုးသမီးအဖွဲ့မှ ဒါရိုက်တာ ဒေါ်နန်းသန်းသန်းညွန့်နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်တို့က အမျိုးသမီးများအကြမ်းဖက်ခံရမှုအမျိုးအစားများ၊ အကြမ်း ဖက်ခံရမှု ပပျောက်ရေး၊ ကိုဗစ်ရောဂါဖြစ်ပွားမှုကာလအတွင်း အမျိုးသမီးများ အကြမ်းဖက်ခံရမှုအခြေအနေနှင့် ရှင်သန်ကျန်ရစ်သူများအတွက်သတင်းစကား စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြသည်။

 အဆိုပါ Talk Show အစီအစဉ်ကို နမ့်စန်မြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Namsang Facebook Page တို့တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်ထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)