သတင်းများ

ကာမိုင်းမြို့၌ (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေ
Mar 26,2022
ကချင်ပြည်နာ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ ၂၀၂၂ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့မွန်းလွဲ(၁)နာရီက ကာမိုင်းနည်းဗျူဟာ စစ်တပ်ကုန်း၊ ဌာနဆိုင်ရာများနှင့် ဈေးဆိုင်များတွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ၀န်ထမ်းများက အခမဲ့ဖြန်ဝေပေးခဲ့သည်။
မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနတွင် ရှေးဦးသူနာပြုစုနည်း သရုပ်ပြ သင်တန်းဖွင့်လှစ်
Mar 26,2022
မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ခရိုင်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ရှေးဦးသူနာ ပြုစုနည်း သရုပ်ပြသင်တန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မော်လမြိုင်၌ ငါးမွေးမြူသူ လုပ်ငန်းရှင်များအား RAqP ကျင့်စဉ်နှင့်အညီ မွေးမြူနိုင်ရေး ပညာပေးဟောပြော
Mar 26,2022
မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ် မြေနီကုန်းရပ်ကွက်ရှိ ငါးမွေးမြူရေး လုပ်ငန်းရှင်များ အားRAqP (ကောင်းမွန်သော ရေသတ္တဝါကျင့်စဉ်နှင့်အညီ) မွေးမြူနိုင်ရေးအတွက် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်း ၁၀ နာရီအချိန်က ဦးနူဒင်၏ ငါးကန်၌ ကျင်းပပြုလုပ်ခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ၉၉% ထိုးနှံပြီးစီး
Mar 26,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းများကို ယနေ့ နံနက် ၉ နာရီခွဲ ချိန်မှစ၍ ပုဗ္ဗသီရိမြို့နယ်၊ ကုတင်(၅၀)ဆံ့ ဆေးရုံ၌ ထိုးနှံပေးခဲ့သည်။
မင်းပြားမြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Mar 26,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့ ပြည်တော်လှရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာ အထက်တန်း ကျောင်း၌ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က ကျင်းပပြုလုပ်သည်။
မောင်တောမြို့၌ ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ စည်းရုံးရေးကော်မတီဝင်များအား အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 26,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ စည်းရုံးရေး ကော်မတီဝင်များအား အသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်း မင်းဘူးခရိုင်/မြို့နယ် စုပေါင်းရုံး (၄)ထပ်ဆောင် ဆောက်လုပ်ပြီးစီးမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး
Mar 26,2022
မကွေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ တင်ဒါလက်ခံရေးနှင့်စိစစ်ရေး ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်း မင်းဘူးခရိုင်/မြို့နယ် စုပေါင်းရုံး RC (၄)ထပ်ဆောင် အဆောက်အဦ ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို ယမန်နေ့ နေ့လည် ၁ နာရီ အချိန်က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်ဖြူမြို့၌ (၇၇) နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်း
Mar 26,2022
၂၀၂၂ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင်ကျရောက်မည့် (၇၇) နှစ်မြောက် တပ်မတော်နေ့အား ဂုဏ် ပြုကြိုဆို သောအားဖြင့် ရဲတပ်ဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က ကျောက်ဖြူ ခရိုင် ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။