ကျိန္တလီမြို့၌ (၇၇)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ကျိန္တလီ မတ် ၂၅

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မတ် ၂၅ရက်နေ့ နံနက်ပိုင်း ၈ နာရီအချိန်က ကျိန္တလီမြို့ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူစည်ကားရာနေရာများနှင့် ရပ်ကွက်အတွင်းရှိ ပြည်သူများ၏ နေအိမ်များသို့သွားရောက်၍ အခမဲ့ဖြန်ဝေပေးခဲ့ကြောင်းသိရသည်။

အဆိုပါ မတ်လ(၂၇)ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက်တပ်မတော်နေ့ သတင်းစကား လက်ကမ်းစာစောင်တွင် (၇၇)နှစ် မြောက်တပ်မတော်နေ့ဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ ခုနှစ်၊ ဇွန်လဆန်း၌ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်း ရုံးကြီးတွင် ပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင် ၂၇-၃-၂၀၂၁ရက်နေ့ (၇၆)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်းမှကောက်နုတ်ချက်များ၊ စာရေးဆရာစိုးမိုး (ပုသိမ်) (၂၇-၃-၂၀၂၁ ရက်နေ့ ထုတ်မြန်မာ့ အလင်းသတင်းစာမှ) နွေအလှကဗျာ၊ ကာကွယ်စောင့်ရှောက်သွားမည်သာနှင့်တပ်မတော်၏ အစဉ်အလာကောင်း(၁၂)ရပ် စသည့် အချက်များ ပါဝင်ကြောင်းသိရသည်။

ခိုင်မိုးမင်း(ပြန်/ဆက်)