ကန်ကြီးထောင့်မြို့၌ ၇၇ နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ကန်ကြီးထောင့် မတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် ၇၇ နှစ်မြောက် တပ်မတော်နေ့အထိမ်း အမှတ်အဖြစ် ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်များအား ယနေ့ နံနက် ၁၀ နာရီက ကားဂိတ်များ၊ ဆိုက္ကားဂိတ်များနှင့် လူစည်ကားရာနေရာများသို့ သွားရောက်ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်များ၊ (၇၇)နှစ် မြောက်တပ်မတော်နေ့ ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင်က ၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ရက်နေ့ (၇၆)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်း ကောက်နုတ်ချက်များ၊ တပ်မတော်၏ အစဉ်အလာကောင်း(၁၂) ရပ်၊ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်၊ နွေအလှကဗျာ၊ တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက် စသည့်ခေါင်းစဉ်များအား ထည့်သွင်းဖော်ပြထားသည်။

လှမင်းထွဋ်(ပြန်/ဆက်)