ဓနုဖြူမြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ

ဓနုဖြူ  မတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အခမဲ့ထုတ်ဝေသည့် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်အား ယနေ့နံနက်(၁၁)နာရီ အချိန်က ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ စာအုပ်များ လာရောက် ငှားရမ်းသည့် စာငှားသူ၊ စာဖတ်သူများနှင့်၊ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်နေ ပြည်သူ များအား အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်၊ တည့်မတ် ထိန်းသိမ်းဆောင်ရွက်လျက်ရှိ၊ နွေအလှ၊ ကာကွယ်စောင့်ရှောက်သွားမည်သာ၊ (၇၇)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ ပါဝင်ကူညီ၊ တပ်မတော်၏ အစဥ်အလာကောင်း(၁၂)ရပ် စသည့်အကြောင်းအရာများကို အသိပညာပေးဖော်ပြထားကြောင်း သိရသည်။

အေးအေးအောင် (ပြန်/ဆက်)