သရက်ချောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများအား မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေး

သရက်ချောင်း မတ်၂၉

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုလာမည့် မတ်လ ၃၁ ရက်နေ့တွင်ကျင်းပမည့်ဖြစ်ရာ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနအား ယမန်နေ့က သရက်ချောင်းမြို့နယ် မီးသတ်ဦးစီးဌာန၊ ဦးစီးမှူးဦးသက်နိုင်လွင် ဦးဆောင်သော မီးသတ်တပ်အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေး မှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင်စာစစ်ဌာနရှိကျောင်း ဝင်းအတွင်း မီးဘေးလုံခြုံရေး အတွက် မီးသတ်ဆေးဘူးများ၊ မီးချိတ် မီးကပ်၊ သဲကန်၊ ရေကန်များထားရှိမှုအခြေအနေ၊ လျှပ်စစ်ဝါ ယာကြိုးနှင့် လျှပ်စစ်ပစ္စည်းများ အခြေအနေ၊ ယာယီမီးစက်ထားရှိ မည့်နေရာ၊ လုံခြုံရေးချထားမည့်နေရာများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့်များကို ကြိုတင်ပြင်ဆင်ရန် အကြံပြုခဲ့ကြကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်တွင်၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင် တန်းစာမေးပွဲဖြေဆိုရမည့် စာစစ်ဌာနများဖြစ်သည့် အ-ထ-က-ကသရက်ချောင်းစာစစ်ဌာနနှင့် အ-ထ-က ကမြိုင်စာစစ် ဌာန (၂)ခုထားရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ကျောင်းသူ (၂၁၇)ဦး ဝင်ရောက် ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။

နန်းခလိုက် (သရက်ချောင်း)