သတင်းများ

တောင်ကြီးမြို့၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများအား ကွင်းဆင်းစစ်ဆေး
Mar 29,2022
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ် ၃၁ ရက်မှ ဧပြီ ၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်းများတွင် စာစစ်ဌာနဖွင့်လှစ်ထားရှိသော ကျောင်းများသို့ ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်က ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင်  မြို့ပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေး ပန်းခွာ-ကုန်းကြီးကျေးရွာချင်းဆက်လမ်းတွင် Box Culvert တံတား(၃)စင်း တည်ဆောက်
Mar 29,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြိုပြနှင့် ကျေးလက်ကွာဟမှုမရှိစေရေးအတွက် ကျေးလက်လမ်းများ အဆင့်မြှင့်တင်ခြင်း၊ တံတားများ တည်ဆောက်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်တွင် ကျေးလက် ဒေသထွက်ကုန်များ လွယ်ကူလျင်မြန်စွာသယ်ယူနိုင်ရေး ပန်းခွာ-ကုန်းကြီးကျေးရွာချင်းဆက်လမ်းပေါ် တွင် Box Culvert (၃)စင်း တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။
သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း YBS ယာဉ်လိုင်းများ ပုံမှန်အတိုင်း ပြေးဆွဲ​ပေးမည်
Mar 29,2022
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ၏ ကြီးကြပ်မှုအောက်ရှိ YBS ယာဉ်လိုင်းများအား သင်္ကြန်ရုံးပိတ်ရက် ကာလအတွင်း အများပြည်သူများ စိတ်​အေးချမ်းသာစွာ သွား​ရေးလာရေး အဆင်ပြေ ချောမွေ့ လွယ်ကူစေရန် အတွက် YBS ယာဉ်လိုင်များကို ပုံမှန်အတိုင်း ဆက်လက်ပြေးဆွဲပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC) မှ သိရသည်။
မအူပင်မြို့တွင် စုပေါင်းအမှိုက်ကောက်ခြင်းနှင့် သန့်ရှင်းရေးဆောင်ရွက်
Mar 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြို့နယ်လုံးကျွတ် သန့်ရှင်းသာယာလှပရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်လမ်းဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများပါဝင်ကာ ယနေ့ နံနက် ၁၀ နာရီအချန်ကစတင်၍ အမှိုက်ကောက်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်သည်။
အုတ်တွင်းမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 29,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးမင်းအောင်နှင့် တောင်ငူခရိုင် အမှတ်(၁၂)ယာဉ်ထိန်းတပ်ဖွဲ့စုမှ ဒုတိယရဲမှူးစန်းယုနိုင်တို့ ပူးပေါင်း၍ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်-မန္တလေးသွား လမ်းနှင့် အုတ်တွင်း-ပြည်သွားလမ်း ဆုံနေရာတွင် ပြည်သူများအား ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေးအတွက် ရည်ရွယ်၍ အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။​
ရွှေသောင်ယံမြို့၌ မျိုးဗီဇ‌ပြောင်း အိုမီခရွန်ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
Mar 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် မျိုးဗီဇပြောင်း အိုမီခရွန်ကူးစက် ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ချက်များကို ယနေ့နံနက် (၉)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများမှ ရွှေသောင်ယံမြို့ရပ်ကွက်များတွင်း၌ လိုက်လ နှိုးဆော် ဆောင်ရွက်ခဲ့ကြသည်။
ပလင်းကမ်းသာယာဆင်စခန်းရှိဆင်များအား ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း Online မှတဆင့်ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှု (၃၆၀) ကြိမ်ရှိလာ
Mar 29,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊ အနောက်ပုလင်း ကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင်ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်း ကိုဗစ်-၁၉ ရောဂါကာလအတွင်း မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူများက Online မှတစ်ဆင့် ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှုများပြားလာကြောင်း ပလင်းကမ်းသာယာဆင်စခန်း တာဝန်ရှိသူများထံက သိရသည်။
သာပေါင်းမြို့နယ် သာပေါင်း-ပုသိမ်ကားလမ်းတစ်လျှောက် အမှိုက်ကောက်သန့်ရှင်းရေးများ ဆောင်ရွက်
Mar 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် သာပေါင်း-ပုသိမ်ကားလမ်း တစ်လျှောက်  အမှိုက်ကောက် ပတ်ဝန်းကျင်သန့်ရှင်းရေးများ ယမန်နေ့ နံနက်ပိုင်းအချိန်မှ စတင်၍ ဆောင်ရွက်လျက်ရှိသည်။