သရက်ချောင်း မတ် ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုရန် ကျောင်းသူ/ကျောင်းသားများအတွက် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ဖြေဆိုမည့်စာစစ်ဌာနများတွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့်စားမေးပွဲကို အထက-သရက်ချောင်း၊ အထက ကမြိုင်တို့တွင် စာစစ်ဌာနများအဖြစ် သတ်မှတ်ထားရှိပြီး အဆိုပါ စာဖြေဌာန(၂)ခုမှ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသူ/ကျောင်းသားစုစုပေါင်း (၂၁၇)ဦး ရှိကြောင်း သိရသည်။
နန်းခလိုက်(သရက်ချောင်း)