မိုင်းပျဉ်း မတ် ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ၂၀၂၁−၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုဝင်ခွင့်ကတ်များကို မြို့နယ်ပညာရေးမှူးရုံးတွင် ၂၄−၃−၂၀၂၂ရက်မှ ၃၀−၃−၂၀၂၂ရက်နေ့ထိ နေ့စဉ်နံနက်(၉:၃၀)မှ ညနေ(၄)နာရီထိ ထုတ်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
အဆိုပါ စာမေးပွဲဖြေဆိုဝင်ခွင့်ကတ်များကို တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက် ဖြေဆိုကြမည့် ကျောင်းသား/သူများ သတ်မှတ်ရက်အတွင်း နေ့စဉ်လာရောက် ထုတ်ယူလျက်ရှိပြီး ၊ မိုင်းပျဉ်းမြို့နယ်အတွင်းမှ အထက−မိုင်းပျဉ်းစာစစ်ဌာနသို့ လာရောက်ဖြေဆိုကြမည့် အတွဲ(၇)ဘာသာရပ်တွင် ဖြေဆိုသူ(၅)ဦး၊ အတွဲ(၁)ဘာသာရပ်တွင် ဖြေဆိုသူ(၅၇)ဦး၊ အတွဲ(၂)ဘာသာရပ်တွင် ဖြေဆိုသူ(၂၆)ဦး၊ စုစုပေါင်း စာမေးပွဲဖြေဆိုမည့်သူ (၈၈)ဦးရှိကာ၊ ကျောင်းအတွင်း ဖြေဆိုသူ (၄၈)ဦးနှင့် ကျောင်းပြင်ပဖြေဆိုသူ (၄၀)ဦး ဖြစ်ကြောင်း သက်ဆိုင်ရာ ပညာရေးဌာနမှ သတင်းရရှိပါသည်။
နန်းသန္တာဦး