ဖား​ဆောင်းမြို့နယ် စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာ​မေးပွဲ ​အောင်မြင်စွာကျင်းပနိုင်​ရေး စာ​ဖြေဆိုခန်း၊ လုံခြုံ​ရေး​နေရာ၊ ကျန်းမာ​ရေး​စောင့်​ရှောက်ခန်းတို့အား ကြည့်ရှုစစ်​ဆေး

ဖား​ဆောင်း မတ် ၃၀

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၌  မတ်လ(၃၁)ရက်မှ ဧပြီလ(၉)ရက်​နေ့ထိ ကျင်းပသွားမည့် တက္ကသိုလ်ဝင်တန်းစာ​မေးပွဲ​အောင်မြင်စွာ ကျင်းပနိုင်​ရေးအတွက် စာ​မေးပွဲ​ဖြေဆိုခန်း၊ လုံခြုံ​ရေး​နေရာ၊ ကျန်းမာ​ရေး​စောင့်​ရှောက်ခန်းနှင့် မီး၊​ ရေအဆင်​ပြေ​စေ​ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ​ကော်မတီဝင်များက ယ​နေ့နံနက်(၉)နာရီအချိန်က အ​ခြေခံပညာအထက်တန်း​ကျောင်း စာစစ်ဌာနသို့ ကွင်းဆင်းကြည့်ရှုခဲ့​ကြောင်း သိရသည်။

ဖား​ဆောင်းမြို့နယ်၊ အ​ခြေခံပညာအထက်တန်း​ကျောင်း၊ စာစစ်ဌာနတွင်  တက္ကသိုလ်ဝင်စာ​မေးပွဲ ဖြေဆိုခန်း(၂)၊ အရန်ခန်း(၂)ခန်းထားရှိပြီး တစ်ခန်းလျှင်(၃၀)ဦးဖြေဆိုမည်ဖြစ်ပြီး ​ဖြေဆိုမည့် ​ကျောင်းသား၊​ ကျောင်းသူများမှ ကိုဗစ်-၁၉ (positive)ရှိလာပါက ​ဖြေဆိုရန်အတွက် သီးသန့်အခန်းပြင်ဆင်ထား​ကြောင်းနှင့် ကျန်းမာ​ရေးမ​ကောင်း၍​ ဖြေဆိုမည့်​ကျောင်းသား၊ ​ကျောင်းသူများအတွက်လည်း မြို့နယ်ပြည်သူ့​ဆေးရုံတွင် စာ​ဖြေဆိုရန် သီးသန့်ခန်းပြင်ဆင်ထားရှိ​ကြောင်း သိရှိရသည်။

ကျောင်းသား၊ ​ကျောင်းသူများ စာ​​မေးပွဲကို ​အေးချမ်းစွာ​ဖြေဆိုနိုင်ရန်အတွက် ​ကျောင်းအပြင်ပတ်လည်တွင် လုံခြုံ​ရေး​နေရာထားကာ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်​ရေးမှူးနှင့်စာ​ရေးများ၊ ဌာနဆိုင်ရာများမှ လုံခြုံ​ရေးကြီးကြပ်​ဆောင်ရွက်မည်ဖြစ်​ကြောင်း၊ ကျန်းမာ​ရေး​​စောင့်​ရှောက်မှုကို မြို့နယ်ကျန်းမာ​ရေးဌာနမှဝန်ထမ်းများက အနီးကပ်​စောင့်​​ရှောက်သွားမည်ဖြစ်​ကြောင်း သိရှိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)