ဆင်ပေါင်ဝဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဆင်ပေါင်ဝဲ မတ် ၃၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မြို့နယ်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ၂၀၂၂-၂၀၂၃ ခုနှစ် ဆီထွက်သီးနှံစိုက်ပျိုး ထုတ်လုပ်မှုနှင့် အထွက်နှုန်း တိုးတက်ရေး စီမံကိန်းတာဝန် ပေးအပ်ပွဲ အခမ်းအနား ကျင်းပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးက အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးအေးနိုင်မှ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့် အထွက်နှုန်း တိုးတက်ရေး ကိစ္စရပ်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှ ၂၀၂၂-၂၀၂၃ ခုနှစ် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့် အထွက်နှုန်းတိုးတက်ရေး စီမံကိန်းတာဝန်ပေးများကို သက်ဆိုင်ရာ တာဝန်ရှိသူ များအား ပေးအပ်ခဲ့ကြောင်း သိရသည်။

နိုင်လင်း(ပြန်/ဆက်)