ချောင်းဆုံမြို့နယ်တွင် သက်တမ်းကုန်ဆုံးသည့် Similac Product များဈေးကွက်အတွင်း ရောင်းချမှုရှိ/မရှိ စစ်ဆေးဆောင်ရွက်

ချောင်းဆုံ မတ် ၃၁

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြောင်း ကြားချက်အရ  Code No များပါသည့် Similac များကို Manufacture မှ မြန်မာနိုင်ငံသို့ တင်ပို့ခဲ့ကြောင်းသိရှိရသဖြင့် ယမန်နေ့ နံနက် (၁၀)နာရီက မြို့နယ်အစားအသောက်နှင့် ဆေးဝါးကော်မတီတို့ပူးပေါင်း၍ ချောင်းဆုံမြို့ပေါ်()ရပ်ကွက်ရှိ မြို့မအမှတ် () ဈေးနှင့် ကုန်စုံဆိုင်၊ ဆေးဆိုင်များတွင် သွားရောက်စစ်ဆေးခဲ့ကြသည်။

စစ်ဆေးဆောင်ရွက်ရာတွင် Code No ()လုံးမှ ()လုံးတွင် ပထမဂဏန်း(၂၂-၃၇) အတွင်း Code No တွင်ပါဝင်သည့် စာသား များတွင် K8 SH (သို့) Z2 ပါရှိပြီး သက်တမ်းကုန်ရက်စွဲ (..၂၀၂၂)ရက် (သို့) ဧပြီ() ရက်နေ့စသည့်အချက်များပါဝင်သော Similac Product များ ဈေးကွက်အတွင်း ရောင်းချမှုရှိ/မရှိကို စစ်ဆေးခဲ့ပြီး အရောင်တင်ဆိုးဆေးသုံးစွဲသည့် စားသောက်ကုန် ပစ္စည်းများနှင့် သက်တမ်းလွန်ဆေးဝါးများကိုလည်း အဆိုပါ အဖွဲ့မှ စစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)