ဟိုင်းကြီးကျွန်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုနေမှုအား မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ သွားရောက်ကြည့်ရှု

ဟိုင်းကြီးကျွန်း မတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ကျောင်းသား/ ကျောင်းသူများ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုနေမှုအား မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် ဌာဆိုင်နဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ ယ​နေ့ နံနက် (၁၀)နာရီအချိန်တွင် သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် အ.ထ.က ဟိုင်းကြီး စာစစ်ဌာန၊ အ.ထ.က ကျောက်ချောင်း စာစစ်ဌာနနှင့် အ.ထ.က ကံချိုင် စာစစ်ဌာနတို့မှ ကျောင်းသူ/ ကျောင်းသူများ ဘေးကင်းလုံခြုံစွာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုများ၊ ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ လက်ဆေးဘေစင်၊ လက်သန့်ဆေးနှင့် Mask များ၊ အရေးပေါ်ဆေးပေးခန်း စီစဉ်ဆောင်ရွက် ထားရှိမှုများကို ထပ်မံကြည့်ရှူစစ်ဆေးပြီး ကျောင်းတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

လှိုင်မျိုးအောင်(ပြန်/ဆက်)